How To Root Samsung Glaxy Gio GT-55660
Posted by BlueSeaMobile
on 8 Apr 2013
|
 Samsung Glaxy Gio GT-55660 ကို Root ဖောက်ချင်တယ် ဆိုတဲ့အစ်ကိုအတွက် နည်းလမ်းလေး တင်ပေးလိုက်ပါတယ်..အရင်ဆုံးအောက်မှာပေးထားတဲ့ Files ကိုဒေါင်းလိုက်ပါ..ပြီးတာနဲ့ SD Card ထဲသို့ထည့်လိုက်ပါ။ Download Root Zip Here Download Root Zip Here SD Card ထဲသို့ထည့်ပြီးတာနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ...ပိတ်သွားတာနဲ့ Power + Home Button + Volume Up ခလုပ်သုံးခုကို တွဲနှိပ်လိုက်ပါ..ပါဝါစပွင့်လာတာနဲ့ Power ခလုပ်ကို ချက်ချင်း လွှတ်ပေးလိုက်ပါ..Home Button + Volume Up ကိုဖိမြဲအတိုင်း ငါးစက္ကန့်လောက်ဖိထားပြီး လွှတ်ပေး လိုက်ပါ.. Recovery Mode ထဲသို့ ၀င်ရောက်သွားပါလိမ့်မယ်.. Recovery Mode ထဲသို့ရောက်ပြီဆို တာနဲ့ Volume ခလုပ်များကိုအသုံးပြုကာ update from sdcard ဆိုတာရွေးပေးလိုက်ပြီး စောနက မိမိထည့်ထားတဲ့ ဖိုင်ကိုရွေးချယ်ကာ Install လုပ်ပေးလိုက်ပါ..ပြီးတာနဲ့ Reboot System Now ကိုနှိပ်ရင်နှိပ်.မနှိပ်ရင် သူ့အလိုလို Restart ကျသွားပါလိမ့်မယ်..ပြန်တက်လာတာနဲ့ မိမိဖုန်းမှာ Super User Icon လေးပေါ်နေမှာဖြစ်ပြီး Root လုပ်ခြင်းလည်း ပြီးဆုံးသွားဘီဖြစ်ပါတယ်ခင်မျာ..
|
Labels: Rooting